價格:免費
更新日期:2018-02-07
檔案大小:5.4M
目前版本:1.18.1
版本需求:Android 4.4 以上版本
官方網站:http://www.globalbibleinitiative.org
Email:myanmar.standard.bible@gmail.com
မြန်မာ့စံမီသမ္မာကျမ်းသည် ကျမ်းစာ၏မူရင်းဘာသာစကားများဖြစ်သော ဟေဗြဲ၊ အာရမိတ်နှင့် ဂရိဘာသာစကားတို့မှ အသစ်ဘာသာပြန်ဆိုထားသောသမ္မာကျမ်းစာဖြစ်ပါသည်။ ဘာသာပြန်ဆိုရာတွင် မူရင်းဘာသာစကား၏အဓိပ္ပာယ်ကို ထိရောက်မှန်ကန်စွာထုတ်ဖော်၍ မူရင်းရေးပုံရေးနည်းများကိုလည်း အတတ်နိုင်ဆုံးထိန်းသိမ်းထားပါသည်။ ဤကျမ်းစာသည် မြန်မာဘာသာဖြင့်ဖတ်ရှုနိုင်သောသမ္မာကျမ်းစာများအနက် တိကျမှန်ကန်၍ လွယ်ကူရှင်းလင်းစွာဖတ်ရှုနိုင်သော ကျမ်းစာဖြစ်ပြီး ခေတ်သုံးမြန်မာဘာသာစကား၏စံများနှင့်ကိုက်ညီ၍ အလွှာအသီးသီးမှမြန်မာလူမျိုးတို့နှင့် အံဝင်ဂွင်ကျဖြစ်ပါသည်။
မြန်မာ့စံမီသမ္မာကျမ်းသည် ကျမ်းပညာရှင်များ၊ ဘာသာဗေဒပညာရှင်များစသည့်ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားသော Global Bible Initiative အဖွဲ့၏လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ Global Bible Initiative အဖွဲ့သည် နောက်ဆုံးပေါ်နည်းပညာများကိုအသုံးပြုလျက် ပင်မဘာသာစကားများကိုအဓိကထားပြီးခေတ်မီ၍လွယ်ကူရှင်းလင်းစွာဖတ်ရှုနိုင်သောသမ္မာကျမ်းစာဘာသာပြန်ဆိုခြင်းလုပ်ငန်းများကိုဆောင်ရွက်နေပါသည်။